Pages

Monday, September 13, 2010

Yangon Institute Of Technology


So many sweet memories are ever lasting friendship,intelligence, sharing, spirit,humanity &courage.Read more inside this video refering to the friends who are originated from YIT.

၀၉-၉၉ နဲ့ စသော ဆယ်လ်လူလာဖုန်းများကို GSM, CDMA 450 (ကမ်းရိုးတန်း ဖုန်းများ)၊ ငါးသိန်းတန် CDMA ဖုန်းများ ဖြင့် လဲလှယ်ပေးခြင်းလုပ်ငန်း ခေတ္တရပ်ဆိုင်းထား

မန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပထမဦးဆုံး ကြိုးမဲ့လက်ကိုင်ဖုန်း အဖြစ် ၀၉-၉၉ ဖြင့် စသော ဆယ်လ်လူလာဖုန်းများကို ၀န်ဆောင်မှု ပိုမိုကောင်းမွန်သော GSM, CDMA 450 (ကမ်းရိုးတန်း ဖုန်းများ)၊ ငါးသိန်းတန် CDMA ဖုန်းများ ဖြင့် လဲလှယ်ပေးမည်ဟု ဆိုသော်လည်း ယခုအခါ ယင်းဖုန်းများ လဲလှယ်ပေးရန် လျောက်ထားမှုများကို ခေတ္တ ရပ်ဆိုင်းထားကြောင်း စက်တင်ဘာလ ၃ ရက်နေ့က လျောက်လွှာတင်ခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်ဟု ပြည်တွင်းထုတ် News Watch ဂျာနယ်လ်  သတင်းအရ သိရသည်။
"အသိတစ်ယောက်က ဆယ်လူလာဖုန်းနဲ့ GSM, ကမ်းရိုးတန်း ဖုန်းတွေ လဲပေးနေတယ် ဆိုလို့ သွားလျောက်တယ်။ ဌါနရောက်တော့ ခေတ္တရပ်ဆိုင်းထားတယ် လို့ ပြောတယ် ခွင့်ပြုချက်ရမှ ပြန်ပြီး  လျောက်လို့ရမယ်လို့ ပြောတယ်။ ဂျီတို့၊ ကမ်းရိုးတန်းတို့  ခြင်းဖုန်းတို့နဲ့ လဲရင် ငါးသိန်းအလိုက်ပေးရတယ် လို့ကြားတယ် ငါးသိန်းတန်ဖုန်းနဲ့ လဲမယ်ဆိုရင်တော့ အလိုက်မပေးရဘူးလို့လဲ ကြားတယ်" ဟု အဆိုပါ သတင်းစာသို့ ကိုယ်တိုင် ဖုန်းလဲလှယ်ရန် ကြိုးစားခဲ့သူ တစ်ဦးက ပြောကြောင်းလဲ သိရသည်။

ယခင်က ဆယ်လ်လူလာ ဖုန်း တစ်လုံးလျင် ကျပ်သိန်း ၄၀ ခန့်အထိ ပေါက်ဈေးရှိခဲ့ပြီး  ယခုအခါ ကျပ်ငါးသိန်း အလိုက်ပေးပြီးမှ GSM နှင့် ကမ်းရိုးတန်းဖုန်းများ လဲလှယ်ခွင့်ရမည် ဆိုသဖြင့် ပိုင်ရှင်အချို့က လဲရန် သိပ်ဆန္ဒမရှိဘဲ ဖြစ်နေကြသည်။ ဆက်သွယ်ရေးမှ ဆယ်လ်လူလာဖုန်းများကို ကျပ်ဆယ်သိန်းငါးသောင်း ခန့်ဖြင့် ငှါးရမ်းပေးခဲ့ခြင်း ဖြစ်ပြီး ယခု အပြင်ပေါက်ဈေးမှာ ခြောက်သိန်းဝန်းကျင်သာ ရှိတော့သည်။ 

ဆယ်လ်လူလာ ဖုန်းများကို ၁၉၉၃ ခုနှစ်မှစတင်ပြီး အများပြည်သူ အသုံးပြုရန် အငှါးစတင်ချထားခဲ့ပြီး ယခုအခါ ဆယ်လ်လူလာဖုန်းများ ၃၈၀၀၀ ခန့် ချထားပေးပြီး ဖြစ်သည်။ ဆယ်လ်လူလာ ဖုန်းများကို ၀န်ဆောင်မှု ပိုမိုကောင်းမွန်သော ဖုန်းများဖြင့် လဲလှယ်လိုသူများ အနေဖြင့် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အခြေစိုက် အဝေးဆက်သွယ်ရေး စခန်းတွင် လျောက်ထားနိုင်သည်။ 

နေပြည်တော်မှ ချထားပေးမည့် ငါးသိန်းတန် CDMA ဖုန်းများမှာ မြန်မာတစ်ပြည်လုံး CDMA ဖုန်းများ အသုံးပြုနိုင်သည့် နေရာတိုင်းတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်းလဲ သိရသည်။ အခြားဒေသများမှ ငါးသိန်းတန် ဖုန်းများမှာမူ တိုင်းဒေသကြီးများအလိုက် အသုံးပြုနိုင်လျက် ရှိနေသည်။





သမ္မာကျမ်းစာထဲက ခရစ်တော်အတုပေါ်မယ်ဆိုတာ တကယ်ဖြစ်လာပြီ

ခရစ်ယာန်ဘာသာဝင်တွေရဲ့ သမ္မာကျမ်းစာထဲမှာ ခရစ်တော်အတုပေါ်လာမယ်ဆိုတာပါရှိပါတယ်။ အဲ့အခုတော့ သူ့ကိုယ်သူ ခရစ်တော်လို့ ပြောတဲ့သူနောက်တစ်ယောက် ပေါ်လာပါပြီးဗျာ ..
တန်ခိုးတော့မပြနိုင်ပေမဲ့ လူပေါင်း တစ်သောင်းလောက်ကိုလက်နက်မရှိ၊ ငွေမရှိဘဲ သူကိုရှစ်ခိုးတဲ့သူတွေ၊ သူ့နောက်လိုက်တွေဖြစ်လာအောင်လုပ်နိုင်တဲ့သူ့အစွမ်းကိုတော့ လျှော့တွက်လို့မရဘူး။ သူဟာ
ရုရှားလူမျိုးဖြစ်ပြီး နာမည်ကတော့ Sergey Anatolyevitch Toropလို့ခေါ်ပါတယ်။ This was really news  from Russia
.
သူဟာ Krasnodar မြို့ မှာ ဇန်နဝါရီလ ၁၄ရက် ၁၉၆၁ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ သူရဲ့ဘာသာဝင်တွေကိုတော့ Vissarionitesလို့ခေါ်ပါတယ်။ သူနေတဲ့ Petropavlovka ရွာနားက
ရွာပေါင်းသုံးဆယ်လောက်မှာရှိတဲ့ လူအယောက် ၅ဝဝဝ လောက်ဟာသူ့ကိုယေရှု့လို့ယုံကြည်ကြသလို ကမ္ဘာတစ်ဝန်းမှာဆို သူ့ကို ယုံကြည်သူ ၁ဝဝဝဝလောက်ရှိပါတယ်။ အမှန်တော့ သူဟာ "Church of the Last Testament" ဆိုတဲ့ဘာသာကို စတင်အုပ်မြစ်ချပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဘာသာဟာ
ရုရှားအောက်သဒေါ့ခရစ်ယာန် နဲ့ ဗုဒ္ဓဘာသာဝင် တွေကနေပြီး ပတ်ဝန်းကျင်နှင့်ဆက်နွယ်၍ ဆင်ခြင်အပ်သော သတ္တလောက။ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ။ ဂေဟဗေဒ နဲ့ သက်သက်လွတ်စားခြင်း စတဲ့ ကောင်းမြတ်တဲ့အချက်တွေကို ပေါင်းစည်းထားခြင်းသာဖြစ်ပါတယ်။ "Community of Unified Faith"(ယုံကြည်မှု့များ ပေါင်းစည်းထားသောအဖွဲ့) လို့လဲတစ်မျိုးတဖုန်လူသိကြပါသေးတယ်။ဒါကတော့ dailymail ကပါ
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွေးတွေနဲ့ အဝတ်အစား ဝတ်ဆင်ပုံ က ယေရှု့ နဲ့တူသလို
တစ်ချက်တစ်ချက်တစ်ပြုံးလိုက်တဲ့ အချိန်မှာ တော့ သူတော်စင်တစ်ယောက်နဲ့လိုပါဘဲ။ ဒါပေမဲ့ သူကို ယုံကြည်ကြတာတော့ ဆိုက်ဘေးရီးယားအစွန်အဖျား ကလူတွေ ဖြစ်ပါတယ်။ Sergei Torop ဆိုတဲ့သူဟာအရင်က ယာဉ်ထိန်းရဲ တစ်ယောက်ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံကလဲ အပိုစာသားတွေမပါဘဲ ယေရှု ကဲ့သိုသာဖြစ်ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Torop ဟာ မော်စကို
မြို့နဲ့ မိုင်ပေါင်း ၂ဝဝဝ လောက်ဝေးတဲ့ Petropavlovka ဆိုတဲ့ ရွာကလေးတစ်ရွာက လူအယောက်ပေါင်း ၅ဝဝဝ လောက်ရဲ့ အထင်ကြီး ကိုးကွယ်ယုံကြည်မှု့ကိုခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Torop
စစ်မှု့ထမ်းအပြီးမှာတော့ ယာဉ်ထိန်းရဲ့ဝင်လုပ်ပါတယ်။ယာဉ်ထိန်းရဲ့အလုပ်ကလဲပြုတ်သွားရော ချက်ခြင်းလက်ငင်းဆိုသလိုဘဲ သူဟာ လွန်ခဲ့တဲ့ နှစ် ၂ဝဝဝ လောက်က ကားတိုင်မှာ အသေသတ်ခြင်းခံခဲ့ရတဲ ယေရှုဖြစ်ပြီး ဒုတိယအကြိမ် ပြန်ကြွလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဘုရားသခင်ကသူကို ဒီကမ္ဘာမြေပေါ်မှာ အကြမ်းဖက်မှု့ စစ်ခင်းနေမှု့ နဲ့သဘာဝဘေးအန္တရာယ်တွေ... .. (မကောင်းတာတွေအကုန်လုံးကို ပေါ့ဗျာ)ဆုံးမသင်ကြားပေးဖို့လွတ်လိုက်တာလို့ဆိုပါတယ်။ သူ့တို့ရွာမှာ တစ်ကမ္ဘာလုံးပြုလုပ်နေတဲ့ ခရစ္စမက်ပွဲတော် မပြုလုပ်ဘဲ သူရဲ့ တရားစဟောတဲ့နေ့ သြဂုတ်လ ၁၈
ရက်နေ့မှာကြီးကျယ် ခန်းနားစွာပွဲတော်ကြီး ပြုလုပ်ကြပါတယ်။
သူရဲ့နောက်လိုက်ဖြစ်ခြင်ရင်တော့ သက်သက်လွတ်စားရမယ် ဆေးလိပ်၊ အရက် မသောက်ရဘူး ပြီးတော့ ပိုက်ဆံလဲကိုင်လို့ မရပါဘူး။ ရွာထဲမှာတော့ သူ့ယုံကြည်သူ တွေဟာ သစ်လုံးအိမ် ပေါင်း သုံးရာလောက် နဲ့ဆောက်နေကြပြီး ထောင်ပေါင်းများစွာသော တခြားယုံကြည်သူတွေကလည်း အိမ်တွေကို ရွာပါတ်လည်မှာ ဆောက်ပြီးနေကြပါတယ်။ အကြောင်းကတော့ သူတို့ဆီက ဆိုးရွားလှတဲ့ ဆောင်းရာသီမှာ
သူတို့ယုံကြည်ကိုးစားရတဲ့ မေရှိယအရှင် နဲ့ အနီးမှာနေခြင်လို့ဘဲဖြစ်ပါတယ်။ သူတို့ရွာနဲ့နီးတဲ့ တောင်ပေါ်မှာတော့ ခေါင်းလောင်းကြီး တစ်လုံးထားပြီး တစ်ရက်ကို သုံးခါ တီးပါတယ်။ အဲ့ဒီခေါင်းလောင်းတီရင်တော့ အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်ကို ရပ်ပြီး ဒူးထောက်ဘုရားရှင်ခိုးကြရပါတယ်။ Torop ဟာ မိန်းမနဲ့ သားသမီးခြောက်ယောက်ရှိပါတယ်။ အဲ့ဒီ
သားသမီးခြောက်ယောက်ထဲမှာတော့ တစ်ယောက်က မွေးစားထားတာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့
နေ့ရက်တွေကို ပန်းချီဆွဲတဲ့အလုပ်နဲ့ ကုန်စေသူတစ်ယောက်ဖြစ်ပါတယ်။
မကြာသေးခင် လဲ သူဟာ ပြင်သစ်၊ အီတလီ နဲ့ ဟောလန်နိုင်ငံတို့ကိုသွားပြီး
သူ့ကိုယ်ကိုးကွယ်တဲ့ တပည့်သစ်တွေရရှိဖို့ သာသနာပြုထွက်ခဲ့ပါသေးတယ်။
အဲ့ဒါကတော့ သူ့ဘုရားကျောင်းကပိုက်ဆံမဟုတ်ဘူးတဲ့ ခေါ်တဲ့သူစပွန်စာနဲ့
သွားခဲ့တာဖြစ်ပါတယ်။

 

Sunday, September 12, 2010

ကင်ဆာရောဂါနှင့် ပက်သက်သော နောက်ဆုံးထုတ်ပြန်ချက်

ဆေးသွင်းကုသခြင်း ( CHEMOTHERAPY ) ဟာ ကင်ဆာေ၇ာဂါ ပျောက်ကင်းအောင်ပြုလုပ်၇ာမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ် လို့ နှစ်ပေါင်းများစွာ ပြောကြားလာခဲ့ရာကအခုနောက်ဆုံးမှာတော့ တခြားနည်းလမ်းတစ်ခုလည်းရှိတယ် လို့ ဂျွန်ဟော့(ပ်) ကင်း(စ်) ကပြောကြားလာပါပြီ ။
၁။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်)တွေရှိတယ်။ဒီကင်ဆာဆဲ(လ်)တွေဟာ သန်းထောင်ပေါင်းအနည်းငယ်ထိပွားများမလာမချင်းတော့ ပုံမှန်ရောဂါရှာဖွေစစ်ဆေးချက်မှာ ပေါ်လာမှာ မဟုတ်ဘူး။သကြား အစားထိုးပစ္စည်းတွေဟာ Aspartame ဆိုတဲ့အရာ ပါဝင်တဲ့အတွက် လူကိုထိခိုက်စေနိုင်ပါတယ်။ သဘာဝအစားအစာဖြစ် တဲ့ ပျားရည် ဒါမှမဟုတ် တင်လဲရည်နည်းနည်းလေးက ပိုကောင်းပါတယ်။ စားပွဲတင်ဆားဟာ ဓာတုပစ္စည်း  ရောထားတဲ့အတွက် ဖြူဖွေးနေတာပါ၊ ပင်လယ် နေလှမ်းဆားကပိုကောင်းပါတယ်။ကင်ဆာဆဲ(လ်)တွေ  မရှိတော့ဘူးလို့ ဆရာဝန်တွေကပြောတဲ့အခါ လူတွေရဲ့ကိုယ်ထဲက ကင်ဆာဆဲ(လ်)တွေဟာ စစ်ဆေးသိရှိနိုင်တဲ့အရေအတွက်အထိ မရောက်ရှိသေးဘူးလို့သာ အဓိပ္ပါယ်သက်ရောက်ပါတယ်။
ဆေးကုသခံယူပြီးနောက် ကင်ဆာလူနာတွေကို သူတို့ကိုယ်မှာတွေကို အစာပြတ်စေနိုင်ပါတယ်။
၂။ လူတစ်ယောက်ရဲ့ ဘ၀တသက်တာမှာ ကင်ဆာဆဲ(လ်)တွေဟာ ၆ ကြိမ်မှ ၁၀ ကြိမ်အထက်အထိ ပေါ်ပေါက်ပါတယ်။
၃။ လူတစ်ယောက်ရဲ့ ရောဂါပြီးစနစ် အားကောင်းနေရင် ကင်ဆာဆဲ(လ်)တွေဟာ ဖျက်ဆီးခံရပြီး မပွားများနိုင်ပါဘူး၊  အကျိတ်လည်းမဖြစ်နိုင်ပါဘူး။
၎။ လူတစ်ယောက်ကင်ဆာရောဂါဖြစ်ပြီဆိုရင် သူဟာအဟာရအတော်များများချို
့တဲ့နေပြီ ဆိုတာကို ပြသတာပါဘဲ၊ ဒါဟာမျိုးရိုး၊ပတ်ဝန်းကျင်၊အစားအစာနဲ့ လူနေမှုပုံစံစတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅။ ဒီလိုအဟာရမျိုးစတဲ့ချို့ တဲ့နေတာကို ကျော်လွှားနိုင်ဖို့ ဆိုရင်စားသောက်ပုံစံကို  ပြောင်းလဲပြီး ဖြည့်စွက်အစား အစာတွေ စားပေးခြင်းဖြင့် ရောဂါပြီးစနစ်ကို အားကောင်းစေနိုင်ပါတယ်။
၆။ ဆေးသွင်းကုသခြင်းဟာ အပွားမြန်တဲ့ကင်ဆာဆဲ(လ်)တွေကို အဆိပ်သင့်စေသလို ရိုးတွင်းခြင်ဆီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းစသည်တို့ မှာရှိတဲ့ အပွားမြန်တဲ့ ဆဲ(လ်)ကောင်းတွေကိုပါ ပျက်စီးစေပြီး အသည်း၊ကျောက်ကပ်၊အဆုတ်စတဲ့ ကိုယ်တွင်းကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။
၇။ ဓါတ်ရောင်ခြည်နဲ့ကုသခြင်း (ဓါတ်ကင်ခြင်း)ဟာ ကင်ဆာဆဲ(လ်)တွေကို
ပျက်စီးစေသလို ကောင်းတဲ့ဆဲ(လ်)တွေ တစ်သျှုးတွေ၊ ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေပါတယ်။
၈။ ဓါတ်ရောင်ခြည်(သို့)ဆေးသွင်းကုသတဲ့အခါ အစပိုင်းမှာတော့ အများအားဖြင့်
အကျိတ်တွေ ကျုံ့သွားတတ်ပါတယ်၊ဒါပေမယ့် ရေရှည်ကုသတဲ့အခါ ထိရောက်မှုကျဆင်းသွားပါတယ်၊အကျိတ်တွေ နောက်ထပ် မကြေပျက်တော့ပါဘူး။
၉။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ကြောင့်ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေများလာတဲ့အခါ ရောဂါပြီးစနစ်ဟာ အားလျော့တာတွေ၊ပျက်စီးတာတွေ ဖြစ်ပေါ်လာပါတယ်။အဲ့ဒီအခါမှာ လူတွေဟာရောဂါပိုး အမျိုးမျိုးကြောင့် ဖြစ်စေ နောက်ဆက်တွဲ အမျိုးမျိုးကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနိုင်ပါတယ်။
၁၀။ ဆေးသွင်းကုသခြင်းနဲ့ ဓါတ်ကင်ခြင်းဟာ ကင်ဆာဆဲ(လ်)တွေကို
ဗီဇပြောင်းစေနိုင်ပြီး ဖျက်ဆီးရခက်စေနိုင်ပါတယ်။ခွဲစိတ်ကုသခြင်းဟာလည်း ကင်ဆာဆဲ(လ်)တွေကို အခြားနေသို့ပြန့်နှံ့ စေနိုင်ပါတယ်။
၁၁။ ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ထိရောက်တဲ့ နည်းလမ်းတစ်ခုကတော့ သူတို့မျိုးပွားရာမှာလိုအပ်တဲ့ အဟာရတွေကိုဖြတ် တောက်လိုက်ခြင်းပါဘဲ။
(က) သကြား။ ။သကြားဟာကင်ဆာရဲ့ အဟာရတစ်ခုပါဘဲ ။ သကြားကို ဖျက်လိုက်ခြင်းအားဖြင့် ကင်ဆာဆဲ(လ်) တွေရဲ့ အဓိက အဟာရတစ်ခုကို ဖြတ်လိုက်သလိုပါဘဲ။ Nutra,Sweet,Equal,Spoonful စတဲ့
(ခ) နို့ ။  ။ နို့ဟာခန္ဓာကိုယ်ကို အကျိအချွဲ တွေ  ထွက်စေပါတယ် ၊ အထူးသဖြင့်
အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါ အကျိအချွဲတွေကို ကင်ဆာဆဲ(လ်) တွေ က စားသုံးနိုင်ပါတယ် ။ နို့အစားသကြားမပါတဲ့  ပဲနို့သောက်ရင် ကင်ဆာဆဲ(လ်)
(ဂ) ကင်ဆာဆဲ(လ်)တွေဟာအက်ဆစ်(အချဉ်)၊ပတ်ဝန်းကျင်မှာ
ပိုပွားနိုင်ပါတယ် ။ အသားအခြေခံတဲ့ အစားအစာဟာ အက်ဆစ်ဓာတ်ကို အားပေးတယ် ။ အမဲသား၊၀က်သားထက် ငါးစားတာအကောင်းဆုံးပါဘဲ ။ ဒါမှမဟုတ် ကြက်သား နည်းနည်းစားနိုင်ပါတယ် ။ အသားတွေမှာ မွေးမြူရေးကသုံးတဲ့ ပဋိဇီဝဆေးတွေ ၊ ကြီးထွားဟော်မုန်းတွေနဲ့ ကပ်ပါးပိုးတွေ ပါလာတတ်ပါတယ် ၊ ဒါတွေဟာ လူတွေ အထူးသဖြင့် ကင်ဆာရောဂါသည်တွေကို ထိခိုက်စေနိုင်ပါတယ်။
(ဃ)လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သူတို့ ရဲ့အရည်။ ဖြူအောင်မဖွတ်ရသေးတဲ့အစေ့ ။ အဆန် ။ အနှံ နဲ့ သစ်သီးအနည်းငယ်ကို အစား အစာရဲ့  ၈၀%  အချိုးနဲ့ စားရင် ခန္ဓာကိုယ်ကို အယ်(လ်)ကာလိုင်း(ALKaLine) အခြေအနေရောက်စေနိုင်တယ် ။ ကျန်၂၀% ကိုတော့ ပဲအပါအ၀င် ပြုတ်ထားတဲ့ အစားအစာတွေအဖြစ် စားသုံးနိုင်ပါတယ် ။လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်အရည်ထဲ မှာ စွံမ်းအားမြင့် အင်ဆိုင်းတွေ ပါဝင်တယ် ။ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ပြီး ၁၅ မိနစ်အတွင်းမှာ ခန္ဓာကိုယ်က ဆဲလ်များဆီ ရောက်နိုင်တယ်။ ဆဲ လ်တွေကို အဟာရပြည့်စေပြီး ကျန်းမာတဲ့ဆဲလ် တွေအဖြစ် ဖွံဖြိုးဖို့ အားပေးတယ်။

ကျန်းမာတဲ့ဆဲလ် တွေ တည်ဆောက်ဖို့ စွမ်းအားမြင့်အင်ဆိုင်းတွေရရှိအောင်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အရည်နဲ့ မချက်ရသေးတဲ့ ဟင်းသီးဟင်းရွက်တွေကို တနေ့နှစ်ကြိမ် သုံးကြိမ်လောက် စားသောက်သင့်တယ် ။အပူချိန်104’F (40’c)
ဆိုရင် အင်ဆိုင်းတွေပျက်စီးသွားနိုင်တယ်။
(င) ကဖိန်း ( Caffeine ) တွေအများကြီးပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်တွေကို ရှောင်ပါ။
လက်ဖက်ရည် ကြမ်း ( Green Tea ) ဆိုပိုကောင်းတယ်။ ကင်ဆာကို
ခုခံတဲ့ သတ္တိလည်းရှိတယ်။ ရေဆိုရင် သောက်ရည်သန့် ဒါမှမဟုတ်
သေချာစွာ စစ်ထားတဲ့ရေဟာ အကောင်းဆုံးပါဘဲ ဘုံပိုင်ရေမှာက သတ္တုအလေးစား (
Ileavy Metals ) တွေ၊ အဆိပ်အတောက်တွေ ပါလာတတ်တယ်။ ပေါင်းခံရည်ကျတော့
အက်ဆစ်ဖြစ်စေတယ်။ ရှောင်ပါ။
၁၂ ။ အသားမှာ ပရိုတိန်းတွေဟာ အစာကြေဖို့ ခက်ခဲပြီး  အစာခြေအင်ဆိုင်းတွေ အများကြီးလိုအပ်တယ်။ အစာမကြေဘဲ လူတွေဆီရောက်လာတဲ့ အသားတွေဟာ ပုတ်သွားပြီး အဆိပ်အတောက်တွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
၁၃ ။ ကင်ဆာဆဲ(လ်) တွေမှာခိုင်ခံ့တဲ့အပေါ်ယံ ပရိုတိန်းအလွှာရှိတယ်။ အသားကို လျှော့စားရင်ဖြစ်စေ၊ အသားမစား ဘဲနေရင်ဖြစ် ကင်ဆာဆဲ(လ်) ရဲ့ ပရိုတိန်းနံရံတွေကို တိုက်ခိုက်ဖို့ အင်ဇိုင်းတွေ ပိုမိုလာတဲ့ အတွက် ခန္ဒာ ကိုယ်ရဲ့ သုတ်သင်ရေးဆဲ(လ်) (Killer Cells ) တွေဟာ ကင်ဆာဆဲ(လ်) တွေကို သုတ်သင်ဖို့ပိုလွယ်သွားပါတယ် ။
၁၄ ။ ဖြည့်စွက်အစားအစာဖြစ်တဲ့ ဓာတ်တိုးဟန့် တားပစ္စည်း ( Antioxidants )
ဗီတာမင်သတ္တုဓာတ် ( Minerals ) IP6, Flor – ssence, Essiac, EFAS စသည့်တို့
ဟာ ခန္ဒာကိုယ်ရဲ့ ရောဂါပြီးစနစ်ကို မြင့်တင်ပေးနိုင်ပြီး သုတ်သင်ရေး ဆဲ(လ်)
တွေ အားသုတ်သင်စေနိုင်တယ်။ အခြားဖြည့်စွက်အစားအစာဖြစ်တဲ့ ဗတာမင် ( E )
ဟာလည်း ခန္ဒာကိုယ်မှာ ရှိတဲ့ မလိုအပ်တဲ့ဆဲ(လ်) တွေ ၊ မလိုချင်တဲ့ဆဲ(လ်) တွေ ၊
ထိခိုက်ခံထားရတဲ့ဆဲ(လ်) တွေကို ရှင်းလင်းပစ်ရာမှာ ပံ့ပိုးပေးနိုင်းကြောင်း သိရပါတယ် ။
၁၅ ။ ကင်ဆာရောဂါဟာ ကိုယ်ရယ် ၊ စိတ်ရယ် ၊ အတွေးအမြင်ရယ် ကြောင့်ဖြစ်တာပါ။
၁၆ ။ ကင်ဆာဆဲ(လ်) တွေဟာ အောက်ဆီဂျင်များပြားတဲ့ ပတ်ဝန်းကျင်မှာ မပွားများနိုင်ပါဘူး ။
နေ့စဉ်ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ခြင်း အသက်ပြင်းပြင်းရှုရှိုက်ခြင်းဟာ
ကိုယ်တွင်းရှိဆဲ(လ်) တွေ အထိ အောက်ဆီဂျင်များများရောက် စေနိုင်တယ်။
အောက်ဆီဂျင်ကုထုံး ( Oxygen Therapy ) ဟာကင်ဆာဆဲ(လ်) တွေကို
ချေဖျက်နိုင်တဲ့ နောက်ထပ်နည်းလမ်းတခုပါဘဲ ။
(၁) မိုက်ခရိုဝေ့(ဗ်) မီးဖိုထဲမှာ ပလပ်စတစ်ခွက်တွေ မသုံးရန်။
(၂) ရေခဲသေတ္တာထဲမှာ ပလပ်စတစ်ရေဗူးတွေ မထည့်ရန်။မြင့်မာတဲ့ အပူချိန်ကြောင့် ပလပ်စတစ်အပါးကနေ အဆိပ်တောက် တွေထွက်ပြီး အစားအစာထဲရောက်ရှိစေပါတယ် ။ စက္ကူပုဝါသုံးရင် ပိုကောင်းပါတယ် ။
(၃) မိုက်ခရိုဝေ့(ဗ်) မီးဖိုးထဲမှာ ပလပ်စတစ်ထုပ်ပိုးပြီး မသုံးရန် ။
ဒီအကြောင်းတွေကို မကြာသေးခင်ကဘဲ ဂျွန်ဟော့ (ပ်) ကင်း(စ်) က သတင်းလွှာမှာထုတ်ပြန်ခဲ့ပါတယ် ။ ဒီသတင်း အချက်အလက်တွေကို ဝေါ်(လ်) တာ ရိ (ဒ်) တပ်မတော်ဆေးဗဟိုဌာန ( Walter Reed Army Medical Center ) မှာလည်း ဖြန့်ဝေထားပါတယ်။ ဒိုင်အောက်ဆင်း ( Dioxin )
ဓာတုပစ္စည်းဟာကင်ဆာ ၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပါတယ် ။ ဒိုင် အောက်
ဆင်းဟာ ကျွန်တော် တို့ ခန္ဒာကိုယ်ထဲက ဆဲ(လ်) တွေအတွက် အလွန်ပြင်းထန်တဲ့ အဆိပ်တောက်ဖြစ်ပါတယ်။ ပလပ်စတစ်ဗူးတွေကို ရေခဲသေတ္တာထဲမှာ မထားပါနဲ့ ။ ဒိုင်အောက်ဆင်းတွေထွက်လာမှာမို့ပါ ။ ဒီ ကျန်းမာရေး ပြသနာကိုမကြာသေးခင်ကဘဲ ဒေါက်တာ အက်(ဒ်)၀ပ်(ဒ်) ဖူဂျီမိုကို ( Dr. Edward Fujumoto ) ဟာ ရုပ်သံ အစီးအစဉ်ကနေ ထုတ်လွှင့်ပြခဲ့ပါတယ်။ သူဟာ Castle ဆေးရုံက Wellness Program ဆိုတဲ့ ကျန်းမားရေး အစီအစဉ်ရဲ့မန်နေဂျာဖြစ်ပါတယ် ။
သူဟာ ဒိုင်အောက်ဆင်းရဲ့ဆိုကျိုးတွေ ကို တင်ပြဆွေးနွေးထားပါတယ်။
ပလပ်စတစ်ဗူးတွေထဲ အစားအစာထည့်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ အပူမပေးသင့်
ပါဘူး လို့ သူကပြောပါတယ်။ အထူးသဖြင့် အဆီပါတဲ့ အစားအစာတွေပေါ့။ ပလပ်စတစ်ရယ် ၊ အဆီရယ် ၊ အပူချိန်မြင်မြင့်ရယ် ပေါင်းစပ်လိုက်ရင်
ဒိုင်အောက်ဆင်းတွေထွက်လာပြီး အစားအစာထဲ ရောက်ရှိသွားကာ နောက်ဆုံးမှာ
ခန္ဒာကိုယ်က ဆဲ(လ်) တွေထဲ ရောက်သွားပါတော့တယ်။ ပလပ်စတစ်အစား ဖန်ထည် ၊ ကြွေထည် စတာတွေ ( Glass, Corning Ware, Pyrex, Ceramic ……….)
ကို သူကသုံးခိုင်းပါတယ် ။ ဒိုင်အောက်ဆင်းမထွက်တော့ပါဘူး ။ ဒါကြောင့်
အသင့်စားသုံနိုင်တဲ့ အစားအစာတွေကို နွေးတဲ့ အခါ မူလ ဗူးခွက်တွေကို

မသုံသင့်ပါဘူး။ စက္ကူကို သုံးရင်လည်းမဆိုးဘူး ။ ဒါပေမယ့်
စက္ကထဲမှာဘာပါသလဲဆိုတာ မသိရဘူး။ ဖန်ထည် ၊ ကြွေထည်သုံးတာဘဲ ပိုဘေးကင်းပါတယ် ။
အသင့်စားသုံးနိုင်တဲ့ စားသောက်ဆိုင် အတော်များများဟာ ဖော့ဗူးအစား
စက္ကူတွေကို သုံးလာကြပါပြီ။ အဓိက အကြောင်းရင်းတစ်ခုကတော့ ဒိုင်အောက်ဆင်းပါဘဲ လို့ သူကပြောပါတယ် အစားအစာတွေကို ပလပ်စတစ် ပါးပါးနဲ့ ထုပ်ပြီး မိုက်ကရိုဝေ့(ဖ်) မီးဖိုမှာ ချက်ပြုတ် တာဟာလည်း အလားတူ အန္တရာယ်ရှိတယ်လို့ သူကပြောပါတယ် ။



ဒီအကြောင်းအရာကို သင့်ဘ၀မှာ အရေးပါတဲ့ လူတွေဆီ ပေးပို့ သင့်ပါတယ် ။

Going Down (For English Learners)


This season’s English Premier League, (EPL), is closer than ever and the struggle to avoid relegation from the EPL into the Championship is preying on the minds of most fans and fascinating football observers around the world. There are twenty clubs in the EPL and the bottom three will be relegated at the end of the season in May.

As Safe as Ever?
The Big Four clubs are almost guaranteed to survive every season because of their vast wealth and the quality of their players. Arsenal, Chelsea, Liverpool and Manchester United have never been relegated from the EPL and are certain to survive this season. Three other clubs have never been relegated from the EPL; Aston Villa, Everton and Tottenham Hotspur. Villa started the season very well and has had spells in the top four, so it is also safe from relegation.

Everton fans were very concerned at the beginning of the season that their squad was too small and lacking quality then an injury crisis that hit all of their strikers in mid-season deepened the crisis. However, the Toffees have battled away and confounded the critics. They have enough points in the bag and enough steel in the spine to survive again.

Spurs are more worried. They are still feeling the effect of “the Magic Juande” and “Harry Houdini” hasn’t yet pulled off another great escape. Former manager Juande Ramos revolutionized the club and sadly it did more harm than good with the club losing game after game and its players turning from stars to has-beens in a matter of weeks. His replacement, Harry Redknapp, has turned things around but there are still a lot of holes to fill and the Spurs ship may still sink yet.

The Likely Victims

The three clubs who were promoted last season- Hull City, Stoke City and West Bromwich Albion- were tipped by many for relegation at the start of the season and it may well happen. Blackburn Rovers, Portsmouth, Middlesbrough and Sunderland are also under threat. However, the big fish are not safe. Newcastle United and Manchester City are both huge clubs with great traditions and a huge fan base but both have struggled this season.

United fans have seen a lot of change in the last few years and new manager Joe Kinnear and his assistants may have just done enough to ensure survival. City was taken over by Arab billionaires and became the richest club in the world but on the pitch the players have looked like paupers at times and they may face the disastrous prospect of relegation. All eyes will be on the struggle for survival for the next few months.


Questions


Understanding the Story

1. How many clubs are in the EPL?
2. How many clubs are relegated each season?
3. How many clubs have never been relegated from the EPL?
4. Name them.
5. Which three clubs were promoted to the EPL last season?


Vocabulary

Match the words and phrases in bold in the story to the meanings below

1. able to be seen
2. very poor people
3. strength of character
4. don’t have enough
5. confused and greatly surprised

What do you think?

Which three teams will be relegated this season?


Answers

Understanding the Story

1. Twenty
2. Three
3. Seven
4. Arsenal, Aston Villa, Chelsea, Everton, Liverpool, Manchester United and Tottenham Hotspur
5. Hull City, Stoke City and West Bromwich Albion

Vocabulary

1. apparent
2. paupers
3. steel in the spine
4. lacking
5. confounded

ဟိုဆေးမော်ရင်ဟို (သို့မဟုတ်) စပါယ်ရှယ်ဝမ်းအကြောင်း

သူ့မျက်နှာတွင် အရယ်အပြုံးကို တွေ့ရခဲသည်။ မှုန်ကုတ်ကုတ် မျက်နှာပေးနှင့် မည်သူ့ကိုမှ ထီမထင်သည့် ပုံစံမျိုးကိုသာ အတွေ့ရများတတ်သည်။ မထင်လျှင် မထင်သလို ပြုမူပြောဆိုတတ်သည့်အတွက် မီဒီယာများတွင် မကြာခဏ ပွဲဆူတတ်သည်။ အပြောကြီးသလို ပြောသည့်အတိုင်းလည်း အောင်မြင်မှုရအောင် လုပ်ဆောင်တတ်သည်။ ကိုင်တွယ်ခဲ့သည့် ကလပ်အသင်းတိုင်းကို ချန်ပီယံဆုဖလားများ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ သူသည်ကား သူ့ကိုယ်သူ “ကျနော်ဟာ စပါယ်ရှယ်ဝမ်းပါ” ဟု ကြွေးကြော်လေ့ရှိသည့် ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုပင်ဖြစ်ပါသည်။

ပေါ်တူဂီ ဂိုးသမားဟောင်း ဟိုဆေးဖိလစ်မော်ရင်ဟိုနှင့် မာရီယာဂျူလီယာမော်ရင်ဟိုတို့၏ သားဖြစ်သည့် ဟိုဆေးမော်ရင်ဟိုကို ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ပေါ်တူဂီနိုင်ငံ၊ စီတူဘယ်လ်မြို့၌ မွေးဖွားခဲ့သည်။ သူသည် ဘောလုံးလောကသို့ ကစားသမားတဦးအနေဖြင့် စတင်ခြေချခဲ့သော်လည်း သူ၏ ခြေစွမ်းခြေစနည်းမှုအပေါ် အားမရသဖြင့် နည်းပြအလုပ်ဘက်သို့ ကူးပြောင်းခဲ့သည်။

၁၉၉၀ ပြည့်လွန် အစောပိုင်းကာလများတွင် လက်ထောက်နည်းပြနှင့် လူငယ်အသင်းနည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် အင်္ဂလိပ်လူမျိုးနည်းပြကြီး Sir Boby Robson အတွက် စကားပြန် ဖြစ်လာခဲ့သည်။ မော်ရင်ဟိုသည် ပေါ်တူဂီတွင် စပို့တင်းကလပ်ဒီပေါ်တူဂယ်လ်နှင့် အက်ဖ်စီပေါ်တိုကလပ်တို့၌ ဆာဘော်ဘီချာလ်တန်နှင့် အတူတွဲလုပ်ရင်း ၀ါရင့်နည်းပြကြီးထံမှ နည်းပြပညာကို တလှေကြီး ဆည်းပူးခွင့်ရခဲ့သည်။ ထို့နောက် စပိန်ကလပ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားသည့် ဆာဘော်ဘီချာလ်တန်နောက်သို့ မော်ရင်ဟို လိုက်ပါခဲ့သည်။

သူသည် နည်းပြအလုပ်အပေါ် စတင်အာရုံစိုက်မိသည်နှင့် အချိန်တိုအတွင်း သဘောတွေ့သွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဘင်ဖီကာအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၀၁-၂၀၀၂ တွင် ယူနီရာအိုဒီလေးရီရာအသင်းကို နည်းပြခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အက်ဖ်စီပေါ်တိုအသင်းသို့ နည်းပြချုပ်အဖြစ် ပြန်လည်ရောက်ရှိလာပြီး ၂၀၀၃ ခုနှစ် ဘောလုံးရာသီတွင် ပေါ်တိုအသင်းကို ပေါ်တူဂီလီဂါဖလား၊ ပေါ်တူဂီဖလားနှင့် ယူအီးအက်ဖ်အေဖလားများ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် ပေါ်တိုအသင်းကို ဒုတိယအကြိမ် ပေါ်တူဂီလီဂါဖလားရရှိအောင် နည်းပြပေးသကဲ့သို့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလား ရရှိအောင်လည်း စွမ်းဆောင်ပေးခဲ့သည့်အတွက် ထိုအချိန်မှစ၍ မော်ရင်ဟိုကို ဥရောပကလပ်အသင်းကြီးများက အထူးမျက်စိကျခဲ့တော့သည်။

မော်ရင်ဟိုသည် နောက်နှစ်တွင် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ခ်ျ ပိုင်ဆိုင်သည့် ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်တွင် ချယ်ဆီးအသင်းကို နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ သူသည် ဟုတ်တိုင်းမှန်ရာကို ပြောဆိုတတ်သည့်အတွက် အငြင်းပွားဖွယ်ရာကိစ္စများကို မကြာခဏ လက်ယပ်ခေါ်သလိုဖြစ်ခဲ့သည်။ သို့သော် ပေါ်တိုအသင်းနှင့် ချယ်ဆီးအသင်းတွင် ရရှိသည့် အောင်မြင်မှုများကြောင့် အဆင့်တူ နည်းပြများနှင့် စာနယ်ဇင်းများက သူ့ကို ကမ္ဘာ့ထိပ်တန်း ဘောလုံးနည်းပြတဦးအဖြစ် အသိအမှတ်ပြုခဲ့လေသည်။

ထိုအောင်မြင်မှုများအတွက် မော်ရင်ဟိုကို နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် စာရင်းဇယားပြုစုရေးအဖွဲ့ချုပ် (IFFHS) က ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနှစ်ခုစလုံးအတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြအဖြစ် ရွေးချယ်ခဲ့လေသည်။

ထို့နောက် ချယ်ဆီးအသင်းနှင့် သဘောထားကွဲလွဲပြီး အီတလီကလပ် စီးရီးအေအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၈ ခုနှစ်လယ်ပိုင်းလောက်တွင် အင်တာမီလန်အသင်းနှင့် (၃) နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ (၃) လအတွင်း သူ၏ ပထမဆုံး အီတလီဆုဖလားဖြစ်သည့် စူပါကိုပါအီတာလီယာဖလားကို ရယူနိုင်ခဲ့ပြီး အီတလီစီးရီးအေ ချန်ပီယံဆုဖလားကို ရယူခြင်းဖြင့် သူ၏ ပထမရာသီကို အဆုံးသတ်ခဲ့သည်။

၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် အင်တာမီလန်အသင်းကို စီရီးအေလိဂ်ဖလား၊ ကိုပါအီတာလီယာဖလား၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလားများ ရယူပေးခြင်းဖြင့် အင်တာမီလန်အသင်းကို အီတလီဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ် ဖလား (၃) လုံးရရှိသည့် ကလပ်အသင်းဖြစ်အောင် စွမ်းဆောင်ပေးခဲ့သည်။ အဆိုပါအောင်မြင်မှုနှင့်အတူ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလား (၂) ကို မတူညီသော ကလပ်အသင်း (၂) သင်းနှင့်အတူ ရရှိခဲ့သည့် တတိယမြောက် ဘောလုံးနည်းပြ ဖြစ်လာခဲ့သည်။ မော်ရင်ဟို၏ ရှေ့တွင် သြစတြီးယားလူမျိုး ဘောလုံးနည်းပြ အားနက်စ်ဟာပယ်လ်နှင့် ဂျာမန်လူမျိုး ဘောလုံးနည်းပြ အော့တမာဟစ်ဇ်ဖဲလ်တို့ ရရှိခဲ့ဖူးသည်။

တဦးချင်းဆုများအနေနှင့် မော်ရင်ဟိုသည် ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ယူအီးအက်ဖ်အေ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ပေါ်တူဂီလီဂါ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၉ စီးရီးအေ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းဇယားပြုစုရေးအဖွဲ့ချုပ် (IFFHS) ၏ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ကမ္ဘာ့အကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် တနှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၃, ၂၀၀၄, ၂၀၀၅ ယူအီအက်ဖ်အေ တနှစ်တာအကောင်းဆုံးနည်းပြဆု၊ ၂၀၀၅ ဘီဘီစီစပို့တ်၏ တနှစ်တာအကောင်းဆုံးနည်းပြ၊ ၂၀၀၅ Onze d'Or အကောင်းဆုံး ဥရောပနည်းပြဆု၊ ၂၀၀၄ နိုဝင်ဘာ, ၂၀၀၅ ဇန်န၀ါရီ, ၂၀၀၇ မတ်လ ပရီးမီယားလိဂ် တလတာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၄, ၂၀၀၅ ကမ္ဘာ့ဘောလုံးမဂ္ဂဇင်း တနှစ်တာအကောင်းဆုံးနည်းပြဆုနှင့် နိုင်ငံတကာအားကစားမီဒီယာအဖွဲ့၏ ၂၀၁၀ ကမ္ဘာ့အကောင်းဆုံးမန်နေဂျာဆုတို့ကို ရရှိပြီးဖြစ်သည်။
နာမည်အပြည့်အစုံ ‘ဟိုဆေး မာရီယို ဒေါ့စ် ဆန်းတော့စ် ဖိလစ် မော်ရင်ဟို’ ဟု ခေါ်တွင်သည့် မော်ရင်ဟိုသည် ပေါ်တူဂီနိုင်ငံ၊ စီဘူတယ်လ်မြို့ရှိ လူလတ်တန်းစား မိသားစုကြီးမှ မွေးဖွားလာသူဖြစ်သည်။ မော်ရင်ဟို၏ ဖခင်သည် Os Belenenses နှင့် Vitória de Setúbal ကလပ်အသင်းများတွင် ကြေစားဘောလုံးသမားအဖြစ် ကစားခဲ့ပြီး သူ၏ ကစားသမားဘ၀သက်တမ်းတွင် ပေါ်တူဂီလက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာပွဲတပွဲ ကစားခွင့်ရခဲ့သည်။ မော်ရင်ဟို၏ မိခင်သည် လူကုံထံအသိုင်းအ၀ိုင်းမှ မွေးဖွားကြီးပြင်းလာသည့် မူလတန်းပြကျောင်းဆရာမတဦးဖြစ်ပြီး သူမ၏ ဦးလေးသည် Vitória de Setúbal ဘောလုံးကွင်း တည်ဆောက်ရေးအတွက် ရန်ပုံငွေ မတည်ပေးခဲ့သူဖြစ်သည်။

မော်ရင်ဟိုသည် ငယ်စဉ်က အနိုင်ရလိုစိတ်ပြင်းပြသည့် ကလေးတဦးအဖြစ် လူသိများခဲ့ပြီး မိခင်ဖြစ်သူက သူ၏ အားတက်သရော ကြိုးပမ်းအားထုတ်မှုများ အောင်မြင်မှုရရှိစေရန် အစဉ်အမြဲ အားပေးကူညီခဲ့သည်။ ဘောလုံးသည် သူ့ဘ၀၏ အဓိက အစိတ်အပိုင်းဖြစ်ခဲ့ပြီး သူ၏ဖခင် ကစားသမားဘ၀မှ နည်းပြအဖြစ်သို့ ကူးပြောင်းခဲ့ပြီးနောက် မော်ရင်ဟိုသည် ဘောလုံးသမားများ၏ လေ့ကျင့်ခန်းဆင်းချိန်များကို စောင့်ကြည့်ခွင့်ရခဲ့သည်။ ပြိုင်ဘက်အသင်းများအား စုံစမ်းထောက်လှမ်းပုံတို့ကို လေ့လာဆည်းပူးခွင့်ရခဲ့သည်။

ဘောလုံးသမားတဦး ဖြစ်လာပြီးနောက်တွင်မူ မော်ရင်ဟိုသည် ဖခင်ခြေရာကို နင်းချင်လာသည်။ လူငယ်အသင်းတွင် အဆင်မြင့်လေ့ကျင့်မှုများ ပြလုပ်ပြီးနောက် (သူ၏ ဖခင် နည်းပြလုပ်ခဲ့သည့်) Rio Ave, Belenenses, Sesimbra ကလပ်အသင်းများတွင် ကစားခဲ့သည်။ သို့သော် ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် အောင်မြင်မှုမရနိုင်သည့် သူ၏ ချို့ယွင်းချက်များကို သိမြင်ပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးနည်းပြတဦးဖြစ်မည့်လမ်းကို လိုက်ရန် ရွေးချယ်ခဲ့တော့သည်။

မော်ရင်ဟိုသည် သူ၏ မိခင် စာရင်းပေးသွင်းသည့် စီးပွားရေးကျောင်းသို့ တက်ရောက်ခဲ့သေးသော်လည်း ပထမနေ့မှာပင် ကျောင်းမှ နုတ်ထွက်ခဲ့သည်။ အားကစားအပေါ် ပို၍အာရုံစိုက်ရန် ဆုံးဖြတ်ထားသည့် မော်ရင်ဟိုသည် အားကစားသိပ္ပံပညာကို လေ့လာဆည်းပူးရန်အတွက် လစ္စဘွန်း နည်းပညာတက္ကသိုလ်သို့ တက်ရောက်ရန် ရွေးချယ်ခဲ့သည်။ သူသည် ကျောင်းများတွင် ကာယပညာကို သင်ကြားပေးခဲ့ပြီးနောက် (၅) နှစ်အကြာတွင် သင်တန်းကာလတလျှောက် အကောင်းဆုံး ရမှတ်များနှင့် ဒီပလိုမာဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။

ထို့နောက် အင်္ဂလိပ်နှင့် စကော့ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးဖွင့်လှစ်သည့် နည်းပြသင်တန်းကို တက်ရောက်ခဲ့ပြီး စကော့တလန် နည်းပြဟောင်း အင်ဒီရော့ခ်ဘာ့ဂ်ျက ပေါ်တူဂီလူငယ်၏ ကြိုးစားမှုနှင့် အသေးစိတ် အာရုံစိုက်မှုကို အသိအမှတ်ပြုခဲ့သည်။ မော်ရင်ဟိုသည် နည်းပြသီအိုရီများကို စိတ်ဓာတ်မြှင့်တင်ရေး နည်းနာများ၊ စိတ်ပိုင်းဆိုင်ရာ နည်းဗျူးဟာများနှင့် ရောမွှေကာ နည်းပြ၏ အခန်းကဏ္ဍကို အဓိပ္ပာယ်သစ်ဖွင့်ဆိုဖို့ ကြိုးပမ်းခဲ့သည်။

ကျောင်းနည်းပြအဖြစ်မှ အလုပ်ထွက်ပြီးနောက် မော်ရင်ဟိုသည် သူ၏ ဇာတိမြို့တွင် ပရော်ဖက်ရှင်နယ် နည်းပြလုပ်ခွင့်ရမည့် လမ်းကြောင်းများကို ရှာဖွေခဲ့သည်။ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် ဗစ်တိုးရီးယားဒီစီတူဘယ်လ်အသင်းတွင် လူငယ်အသင်းနည်းပြ ဖြစ်လာသည်။ ထို့နောက် တဆင့်မြှင့်သည့်အနေဖြင့် အက်စ်ထရီလာဒါအမာဒိုရာအသင်း၏ လက်ထောက်နည်းပြရာထူးကို လက်ခံခဲ့သည်။ မော်ရင်ဟိုသည် ပို၍ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်လာရပြီး ၁၉၉၂ ခုနှစ်တွင် ထိပ်တန်းနိုင်ငံခြားသားနည်းပြတဦးအတွက် စကားပြန်အဖြစ် ဆောင်ရွက်ပေးရမည့် အခွင့်အလမ်းတခု ပေါ်ပေါက်လာသည်။

ဆာဘော်ဘီရော့ဘ်ဆင် စပို့တင်းလစ္စဘွန်းကလပ် နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ရော့ဘ်ဆင်က စကားပြန်အဖြစ် ဆောင်ရွက်မည့် အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူ ဒေသခံနည်းပြတဦးကို အလိုရှိခဲ့သည်။ မော်ရင်ဟို၏ ပြောင်းရွှေ့မှုသည် အစပိုင်းတွင် နည်းပြအလုပ်နှင့် အလှမ်းကွာနေခဲ့သည်။ သို့သော် စကားပြန်တဦးအဖြစ် ဆောင်ရွက်ရင်း မော်ရင်ဟိုသည် ဆာဘော်ဘီရော့ဘ်ဆင်၏ လေးစားမှုနှင့် ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သည်။ မော်ရင်ဟို၏ ဘာသာပြန်ဆိုပေးမှုများကို ရော့ဘ်ဆင်က လက်ခံကြိုဆိုပြီး နည်းဗျူဟာများနှင့် နည်းပြအလုပ်ဆိုင်ရာများကို ဆွေးနွေးရင်း နှစ်ဦးသား ပို၍ နီးနီးကပ်ကပ် ရှိလာခဲ့သည်။

ရော့ဘ်ဆင်ကို စပို့တင်းနည်းပြအဖြစ်မှ ထုတ်ပယ်ပြီးနောက် ပြိုင်ဘက် ပေါ်တိုအသင်းက နည်းပြအဖြစ် ခန့်အပ်သည့်အခါတွင်လည်း မော်ရင်ဟိုက ရော့ဘ်ဆင်နှင့် ဆက်လက်လက်တွဲခဲ့သည်။ ပေါ်တိုတွင် နှစ်နှစ်ကြာ နည်းပြပြီးနောက် ၁၉၉၆ ခုနှစ်တွင် ဘာစီလိုနာသို့ နှစ်ဦးသား ထပ်မံပြောင်းရွှေ့ခဲ့ပြန်သည်။ သူ၏ ဘာသာစကားကျွမ်းကျင်မှုနှင့် ကြိုးစားမှုကို ပြသရင်း မော်ရင်ဟိုသည် ဘာစီလိုနာတွင် နည်းပြပညာကို ဆက်လက်လေ့လာသင်ယူခဲ့သည်။

မော်ရင်ဟိုနှင့် သူ၏ မိသားစုသည် ဘာစီလိုနာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲများတွင် ဘာသာပြန်လုပ်ပေးမှု၊ လေ့ကျင့်ခန်းလုပ်ချိန်များကို စီစဉ်ရမှု၊ ကစားသမားများကို နည်းဗျူဟာဆိုင်ရာ အကြံပေးခြင်းဖြင့် ကူညီမှု၊ ပြိုင်ဘက်အသင်းများအကြောင်း ခွဲခြမ်းစိတ်ဖြာပြတတ်မှုတို့ကြောင့် သူသည် ဘာစီလိုနာအသင်း ၀န်ထမ်းများထဲတွင် ထင်ရှားသူတဦး ဖြစ်လာခဲ့သည်။

ရော့ဘ်ဆင်နှင့် မော်ရင်ဟိုတို့၏ နည်းပြပုံများသည် တဦးနှင့်တဦး အတွဲအဖက်ဖြစ်ကာ ပြည့်စုံစေသည်။ ရော့ဘ်ဆင်က တိုက်စစ်ဦးစားပေး ကစားဟန်ကို ဦးစားပေးပြီး မော်ရင်ဟိုက ခံစစ်ရွေးချယ်မှုများကို ထောင့်စေ့အောင် လုပ်ဆောင်တတ်သည်။ အစီအစဉ်ရေးဆွဲခြင်း၊ လေ့ကျင့်သင်ကြားပေးရခြင်းတို့ကို နှစ်သက်သည့် မော်ရင်ဟိုနှင့် ကစားသမားကို တိုက်ရိုက်ညွှန်ကြားမှုပေးတတ်သည့် ရော့ဘ်ဆင်တို့ အတွဲအဖက်မိခဲ့သည်။ သူတို့နှစ်ဦး၏ အဆက်အစပ်မိမှုကြောင့် ဘာစီလိုနာအသင်း အောင်မြင်ရရှိခဲ့ပြီး European Cup Winners' Cup ဆုဖလားကို ရယူနိုင်ခဲ့သည်။

နောက်ဘောလုံးရာသီတွင် ရော့ဘ်ဆင် ကလပ်အသင်း ပြောင်းရွှေ့သွားသော်လည်း ဘာစီလိုနာအသင်းက လက်ထောက်နည်းပြအဖြစ် သူ့ကို ဆက်ရှိနေစေချင်သည့်အတွက် ဤတကြိမ်တွင်မူ ရော့ဘ်ဆင်နောက်သို့ မော်ရင်ဟို လိုက်မသွားတော့ပေ။ ရော့ဘ်ဆင် ကလပ်အသင်း ပြောင်းရွှေ့ခဲ့သော်လည်း နှစ်ဦးသား မိတ်ဆွေကောင်းများအဖြစ် ဆက်ဆံရေးမပျက်ရှိခဲ့ပြီး မော်ရင်ဟိုက ရော့ဘ်ဆင်၏ နေရာကို ဆက်ခံသူ လူးဝစ္စဗန်ဟားလ်နှင့် အလုပ်ဆက်လုပ်ခဲ့သည်။

မော်ရင်ဟိုသည် ဇွဲကြီးပြီး အလုပ်လုပ်ရာတွင် စေ့စပ်သေချာသည့် ဟော်လန်သားနည်းပြကြီးထံမှလည်း အမြောက်အမြား သင်ယူခွင့်ရခဲ့ပြန်သည်။ လက်ထောက်နည်းပြနှင့် နည်းပြချုပ်တို့ ပူးပေါင်း၍ ကစားပွဲအပေါ် အပင်ပန်းခံ ချဉ်းကပ်တတ်မှုကြောင့် ဗန်ဟားလ်၏ ပထမ (၂) နှစ်တာ နည်းပြသက်တမ်းအတွင်း လာလီဂါဆုဖလား (၂) ကြိမ် ရရှိခဲ့သည်။

မော်ရင်ဟိုတွင် ကျွမ်းကျင်သည့် လက်ထောက်နည်းပြတဦးထက်မက ပိုဖြစ်နိုင်သည့် အနာဂတ်ရှိကြောင်း ဗန်ဟားလ်က သိမြင်ခဲ့သည်။ သူက မော်ရင်ဟိုကို လွတ်လပ်သည့် ကိုယ်ပိုင်ဟန်ဖြင့် နည်းပြခွင့်ပြုခဲ့သည်။ ဘာစီလိုနာ (ဘီ) အသင်း၏ နည်းပြတာဝန်များကို သူ့အား ယုံယုံကြည်ကြည် အပ်နှံခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် မော်ရင်ဟို ရရှိခဲ့သည့် ကိုပါကာတာလန်ယာကဲ့သို့သော ဆုဖလားအချို့အတွက် ပွဲစဉ်များတွင် ဗန်ဟားလ်သည် (သူကိုယ်တိုင် မော်ရင်ဟို၏ လက်ထောက်အဖြစ် ဆောင်ရွက်ရင်း) မော်ရင်ဟိုအား ပထမအသင်းနည်းပြအဖြစ် တာဝန်ယူကြီးကြပ်ခွင့်ပြုခဲ့သည်။
ထို့အပြင် လစ္စဘွန်း နည်းပညာတက္ကသိုလ်က သူ၏ အောင်မြင်မှုများအတွက် Honoris causa ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။

ပေါ်တိုအသင်းနှင့် ဖလား (၆) လုံး၊ ချယ်ဆီးအသင်းနှင့် ဖလား (၆) လုံး၊ အင်တာမီလန်အသင်းနှင့် ဖလား (၅) လုံး ရယူပြီးဖြစ်သည့် မော်ရင်ဟိုကို ယနေ့အချိန်အခါတွင် ကမ္ဘာ့အကောင်းဆုံး မန်နေဂျာများအနက်မှ တယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုနေကြရပြီဖြစ်သည်။ မော်ရင်ဟိုသည် ၂၀၁၀ ခုနှစ် မေလ (၂၈) ရက်နေ့တွင် စပိန်ကလပ်အသင်းကြီးဖြစ်သည့် ရီးရဲလ်မက်ဒရစ်အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူရန် လက်ခံခဲ့လေသည်။
စပိန် ဘာစီလိုနာကလပ်တွင် ဒတ်ခ်ျနည်းပြ လူးဝစ္စဗန်ဟားလ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည့် မော်ရင်ဟိုအတွက် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလတွင် ထိပ်တန်းအဆင့် နည်းပြအဖြစ် ဆောင်ရွက်ရန် အခွင့်အရေး ပေါ်ပေါက်လာလေသည်။ ပေါ်တူဂီလိဂ်ဘောလုံးပြိုင်ပွဲ စတင်ပြီး လေးပတ်အကြာတွင် နည်းပြ ဂျပ်(ပ်)ဟေးနက်စ်၏ နေရာကို အစားထိုးတာဝန်ယူရန် လစ္စဘွန်းမြို့အခြေစိုက် ဘင်ဖီကာကလပ်အသင်းက မော်ရင်ဟိုကို ကမ်းလှမ်းခဲ့သည်။ ကမ်းလှမ်းမှုနှင့် တပြိုင်နက်တည်းတွင် ဘင်ဖီကာကလပ်အသင်း တာဝန်ရှိပုဂ္ဂိုလ်များက ဂျီဆွယ်လ်ဒိုဖာရဲရားကို လက်ထောက်နည်းပြသစ်အဖြစ် ခန့်အပ်လိုသော်လည်း မော်ရင်ဟိုက ငြင်းပယ်ခဲ့ပြီး ဖာရဲရားအစား အနားယူသွားသည့် ဘင်ဖီကာနောက်ခံလူဟောင်း ကားလို့စ်မိုဇာကို သူ၏ ညာလက်ရုံးအဖြစ် ခေါ်ယူခဲ့သည်။

အစပထမတွင် ဘင်ဖီကာအသင်းသို့ လက်ထောက်နည်းပြအဖြစ်နှင့် ပြန်သွားရန် ဗန်ဟားလ်နှင့် စကားပြောဖြစ်ခဲ့ပုံကို မော်ရင်ဟိုက ယခုလို ပြန်လည်ပြောဆိုခဲ့သည်။ “သူက ပြောတယ်။ မလုပ်နဲ့ မင်းမသွားနဲ့၊ သူတို့ ပထမအသင်းနည်းပြအဖြစ်နဲ့ လိုချင်ရင် မင်း သွားမယ်၊ လက်ထောက်နည်းပြအဖြစ်ပဲ သူတို့ လိုချင်တယ်ဆိုရင် မင်း ဒီမှာပဲဆက်နေမယ်လို့ ဘင်ဖီကာက ပုဂ္ဂိုလ်တွေကို ပြော” လို့ ဗန်ဟားလ်က အကြံပြုခဲ့ပုံကို မော်ရင်ဟိုက ပြန်ပြောင်းပြောပြခဲ့သည်။

မော်ရင်ဟိုသည် ISEF နည်းပညာတက္ကသိုလ်တွင် သူ၏ ဆရာအဖြစ်နှင့် ပထမအကြိမ် ဆုံတွေ့ခဲ့ဖူးသည့် ဖာရဲရားကို အလွန်အကျွံ ဝေဖန်ခဲ့ပြီး နောက်ပိုင်းတွင် “ဒါဟာ အနှစ် (၃၀) အလုပ်လုပ်ခဲ့တဲ့ မြည်းတကောင်ရဲ့ပုံပြင်ပဲ ဖြစ်နိုင်မှာပါ။ မြင်းတကောင်တော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး” ဟုပင် ပြောဆိုကာ ၀ါရင့်နည်းပြအား ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့လေသည်။

ဘင်ဖီကာတွင် နည်းပြအဖြစ် ဆောင်ရွက်ပြီး သီတင်းပတ် အနည်းငယ်သာ ကြာမြင့်သေးချိန်တွင် မော်ရင်ဟို၏ ဆရာ ဆာဘော်ဘီရော့်ဘ်ဆင်က နယူးကာဆယ်အသင်းတွင် လက်ထောက်နည်းပြရာထူးကို ထမ်းဆောင်ရန် သူ့ကို ကမ်းလှမ်းခဲ့သည်။ ရော့ဘ်ဆင်သည် မော်ရင်ဟိုကို သူနှင့် လက်တွဲရန် အသည်းအသန် အလိုရှိခဲ့ပြီး (၂) နှစ်အကြာတွင် နည်းပြအဖြစ်မှ နုတ်ထွက်ကာ မော်ရင်ဟိုကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်း ကမ်းလှမ်းမှုတွင် ထည့်သွင်းပြောဆိုခဲ့သည်။ မော်ရင်ဟိုက ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ရော့်ဘ်ဆင်အနေနှင့် သူချစ်သော ကလပ်အသင်း၏ နည်းပြရာထူးအား ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်သည်ကို သူ သိရှိကြောင်း ပြောဆိုခဲ့သည်။

ဒီဇင်ဘာလတွင် ဘင်ဖီကာနှင့် ပြိုင်ဆိုင်မှုပြင်းထန်သည့် စပို့တင်းကလပ်ကို (၃) ဂိုး - ဂိုးမရှိဖြင့် အနိုင်ယူပြပြီး မိုဇာကို လက်ထောက်နည်းပြအဖြစ်နှင့် တွဲဖက်ခဲ့မှု မှန်ကန်ကြောင်း မော်ရင်ဟိုက သက်သေပြခဲ့သည်။ သို့သော် ဘင်ဖီကာ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ အဇီဗီဒို ရှုံးနိမ့်ကာ ဘင်ဖီကာ ကစားသမားဟောင်း တိုနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုသည့် မန်နျူရယ်လ် ဗီလာရင်ဟို ဥက္ကဋ္ဌသစ်ဖြစ်လာပြီးနောက် မော်ရင်ဟို၏ နည်းပြကုလားထိုင် လှုပ်လာခဲ့သည်။ ဗီလာရင်ဟိုက သူ့ကို ချက်ချင်းထုတ်ပယ်ရန် ရည်ရွယ်ချက်မရှိသော်လည်း မော်ရင်ဟိုက ဥက္ကဋ္ဌသစ်၏ သစ္စာစောင့်သိမှုကို စမ်းသပ်ရန် စပို့တင်းကလပ်အပေါ် အနိုင်ရရှိခဲ့သည့် အောင်ပွဲကို အသုံးချပြီး စာချုပ်သက်တမ်းတိုးရန် တောင်းဆိုခဲ့လေသည်။

မော်ရင်ဟို၏ တောင်းဆိုမှုကို ဗီလာရင်ဟိုက ငြင်းပယ်ခဲ့သဖြင့် မော်ရင်ဟိုက သူ၏ ရာထူးမှ ချက်ချင်းနုတ်ထွက်ခဲ့သည်။ ပေါ်တူဂီလိဂ်ပွဲ (၉) ပွဲကိုသာ နည်းပြအဖြစ် ကိုင်တွယ်ပြီးနောက် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဘင်ဖီကာကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ဗီလာရင်ဟိုက သူ၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်အတွက် နောင်တရမိကြောင်းနှင့် မော်ရင်ဟိုကို ဆုံးရှုံးခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း နောက်ပိုင်းတွင် ပြောဆိုခဲ့သည်။

မော်ရင်ဟိုသည် နည်းပြသစ်အလုပ်ကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် ယူနီယာအိုဒီလေးရီရာကလပ်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။ မော်ရင်ဟိုသည် လေးရီရာကလပ်အသင်းတွင် အသိအမှတ်ပြုစရာ အောင်မြင်မှုမျိုး မရှိခဲ့သော်လည်း ပေါ်တူဂီ ကလပ်အသင်းကြီးများ၏ စိတ်ဝင်စားမှုကို သူ ရရှိခဲ့သည်။

၂၀၀၂ ခုနှစ် ဇန်န၀ါရီလတွင် အက်ဖ်စီပေါ်တိုအသင်းက နည်းပြ အော့တာဗီယိုမာချာဒို၏ နေရာကို အစားထိုးရန် မော်ရင်ဟိုကို ရွေးချယ်ခန့်အပ်ခဲ့သည်။ ထိုနှစ် ဘောလုံးရာသီအကုန်တွင် ပေါ်တူဂီလိဂ်ပြိုင်ပွဲ၌ ပေါ်တိုအသင်းကို တတိယနေရာ ရရှိစေခဲ့ပြီး လာမည့်နှစ်တွင် ပေါ်တိုအသင်းကို ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း မော်ရင်ဟိုက ကတိပေးခဲ့လေသည်။

မော်ရင်ဟိုသည် ပေါ်တိုအသင်းကို ပြီးပြည့်စုံသော အသင်းတသင်းဖြစ်စေရန် အဓိက ကျောရိုးပြုနိုင်မည်ဟု သူ ယုံကြည်သည့် ဗစ်တာဘိုင်ယာ၊ ရီကာဒို ကာဗယ်လ်ဟို၊ ကော့စတင်ညာ၊ ဒေကို၊ ဒီမီထရီ အလီနီချက်ဗ်နှင့် ပေါ့စ်တီဂါ ကဲ့သို့သော ကီးပလေယာ အများအပြားကို အလျင်အမြန် ရွေးထုတ်ခဲ့သည်။ ချာလ်တန်အသင်းသို့ အငှားသွားကစားနေသည့် အသင်းခေါင်းဆောင် ဂျော့ခ်ျကော်စတာကိုလည်း (၆) လ အငှားပြည့်ပြီးနောက် အသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့အပြင် ယူနီယာအိုဒီလေးရီရာမှ နူနိုဗလန်တေး၊ ဒါလေး၊ ဗစ်တိုးရီးယားဒီဆီတူဘယ်လ်မှ ပေါ်လိုဖာရဲရား၊ ဘိုအာဗစ္စတာမှ ပီဒရိုအီမန်နျူရယ်လ်၊ ဘင်ဖီကာနှင့် စာချုပ်သက်တမ်းကုန်သွားသည့် အက်ဒ်ဂါရက်စ် ယန်းကော့ကပ်စ်၊ မန်နစ်ခ်ျတို့ကို အသစ်ခေါ်ယူ စာချုပ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် မော်ရင်ဟိုသည် ဘင်ဖီကာအသင်းကို (၁၁) မှတ်ဖြတ်ပြီး (၂၇) ပွဲနိုင်၊ (၅) ပွဲသရေ၊ (၂) ပွဲရှုံး စံချိန်ဖြင့် သူ၏ ပထမဆုံး ပေါ်တူဂီလီဂါဆုဖလားကို သိမ်းပိုက်ခဲ့သည်။ အများဆုံး ရနိုင်သည့် (၁၀၂) မှတ်တွင် စုစုပေါင်း (၈၆) မှတ်ဖြင့် ဗိုလ်စွဲနိုင်ခဲ့ခြင်းသည် အနိုင် (၃) မှတ်၊ သရေ (၁) မှတ်ဟူသည့် စည်းမျဉ်းကို စတင်ကျင့်သုံးချိန်မှစ၍ ပေါ်တူဂီလိဂ်ဘောလုံးပြိုင်ပွဲတွင် စံချိန်တခုဖြစ်ခဲ့သည်။ ထို့အပြင် မော်ရင်ဟိုသည် ၂၀၀၃ ခုနှစ် မေလတွင် သူ၏ ကလပ်ဟောင်း လေးရီရာကို အနိုင်ယူကာ ပေါ်တူဂီဖလား ရယူသကဲ့သို့ ဆဲလ်တစ်အသင်းကို အနိုင်ယူကာ ယူအီးအက်ဖ်အေဆုဖလားကြီးကို ရယူခဲ့လေသည်။

နောက်ရာသီတွင် မော်ရင်ဟိုသည် ပေါ်တူဂီစူပါဖလားပြိုင်ပွဲ၌ ကလပ်ဟောင်း လေးရီရာကို (၁) ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူခဲ့သော်လည်း ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင်မူ ယူကရိန်းတိုက်စစ်မှူး အင်ဒရေ ရှက်ဗ်ရှင်ကို၏ အသည်းခွဲမှုကြောင့် အေစီမီလန်အသင်းကို (၁) ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ဆုဖလား လက်လွတ်ခဲ့ရသည်။ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ ပေါ်တူဂီလီဂါဖလားကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး အိမ်ကွင်း ရှုံးပွဲမရှိစံချိန်နှင့် အဆုံးသတ်နိုင်ခဲ့သည်။ ပေါ်တူဂီလီဂါဆုဖလားကို ဘောလုံးရာသီမကုန်မီ (၅) ပတ်အလိုတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ် မေလတွင် ယှဉ်ပြိုင်ကစားသည့် ပေါ်တူဂီဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တိုအသင်းသည် ဘင်ဖီကာအသင်းကို ရှုံးနိမ့်ကာ ဆုဖလား လက်လွတ်ခဲ့ရသော်လည်း နောက်နှစ်ပတ်အကြာတွင်မူ မော်ရင်ဟိုသည် ဧရာမဆုဖလားကြီးတခုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဂျာမဏီနိုင်ငံတွင် ယှဉ်ပြိုင်ကစားသည့် နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တိုအသင်းက အေအက်စ်မိုနာကိုအသင်းကို (၃) ဂိုး - ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ယူပြီး ယူအီအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိခဲ့ခြင်းဖြစ်သည်။ အုပ်စုအဆင့်တွင် ရီးရဲလ်မက်ဒရစ်ကို တပွဲရှုံးနိမ့်ခဲ့သည်မှအပ ရှုံးထွက်အဆင့်တွင် မန်ချက်စတာယူနိုက်တက်၊ ကွာတားဖိုင်နယ်တွင် အိုလံပစ်လိုင်ယွန်၊ ဆီမီးဖိုင်နယ်တွင် ဒီပို့တီဗိုတို့ကို ဖယ်ရှားကာ ချန်ပီယံလိဂ်ဆုဖလားကြီးကို မော်ရင်ဟို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သော မော်ရင်ဟို၏ ဥရောပနှင့် ပြည်တွင်းပြိုင်ပွဲ အောင်မြင်မှုများကြောင့် လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီး အပါအ၀င် ဥရောပ ထိပ်တန်းကလပ် အတော်များများက သူ့ကို အလုအယက် အဆက်အသွယ် ပြုလုပ်ခဲ့ကြတော့သည်။

Interview with Warren Buffet

ရုပ်မြင်သံကြားလှိုင်း CNBC က ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့၊ထောက်ပံ့ကြေးငွေပေါင်း သန်း(၃၁ဝ) လှူဒါန်းခဲ့တဲ့ Warren Buffet ကိုတွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။

Warren Buffet ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသော stockကို ဝယ်ခဲ့တယ်။ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းကstock ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။

(၁၄)နှစ်အရွယ်မှာ Warren Buffet ဟာ သတင်းစာပို့လို့ စုဆောင်းရရှိတဲ့ဝင်ငွေနဲ့ ခြံတစ်ခြံဝယ်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့အားပေးပါ။

Warren Buffet ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးကဝယ်ထားတဲ့ အိမ်ခန်း၃ခန်းသာပါတဲ့ နေအိမ်မှာပဲ နေနေဆဲဖြစ်တယ်။ ခြံဝင်းစည်းရိုးခတ်မထားတဲ့ ဒီအိမ်လေးဟာ သူ့လိုအင်တွေကိုပြီးပြည့်စုံစေခဲ့ပြီလို့ ဆိုပါတယ်။ "ကိုယ်တကယ်လိုအပ်"တဲ့ အတိုင်းအတာထက်ကျော်လွန်တဲ့ပစ္စည်းကို မဝယ်ပါနဲ့။ သင့်ကလေးတွေကို ဒီလိုတွေးတောတတ်ဖို့၊လုပ်ဆောင်တတ်ဖို့ အားပေးပါ။Warren Buffet ဟာ ကိုယ်တိုင်ကားမောင်းလေ့ရှိတယ်။ ဒရိုက်ဘာမထားသလိုကိုယ်ရံတော်လည်း သူ့မှာမရှိဘူး။ ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘာသာကိုယ်လုပ်ဆောင်ပါ။

Warren Buffet ဟာ ကမ္ဘာ့အကြီးဆုံး ဂျက်လေယာဉ်ကုမ္ပဏီကို ပိုင်ဆိုင်သည့်တိုင်ဘယ်တော့မှ ကိုယ်ပိုင်ဂျက်လေယာဉ် မစီးသူဖြစ်တယ်။ စီးပွါးရေးနည်းလမ်းကျကျအရာရာပြီးစီးနိုင်ဖို့ သူအမြဲတွေးတောလေ့ရှိတယ်။သူ့ကုမ္ပဏီဖြစ်တဲ့ Berkshire Hathaway မှာ ကုမ္ပဏီပေါင်း (၆၃)ခုရှိတယ်။ သူဟာကုမ္ပဏီက စီမံခန့်ခွဲရေး အကြီးအကဲတွေကို (1)်နှစ်မှာစာတစ်စောင်ရေးပို့လေ့ရှိတယ်။ အဲဒီစာထဲမှာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေပါတယ်။သူဟာ ဘယ်တော့မှ လုပ်ငန်းလုပ်ရိုးလုပ်စဉ် အစည်းအဝေးတွေ မလုပ်သလို ဖုန်းဆက်သူလည်း မဟုတ်ဘူး။ သင့်တော်တဲ့လူအတွက် သင့်တော်တဲ့အလုပ်ကိုလုပ်စေတယ်။

စီမံခန့်ခွဲရေးအကြီးအကဲတွေကို သူစည်းကမ်းနှစ်ချက်ပဲထုတ်တယ်။ (၁) အစုရှင်ရဲ့ငွေတွေကို မဆုံးရှုံးစေနဲ့။(၂) နံပါတ်(၁)စည်းကမ်းချက်ကို မမေ့ပါနဲ့။ရည်မှန်းချက်ထားပြီး အဲဒီရည်မှန်းချက်အတိုင်း သေချာလုပ်ဆောင်ကြဖို့ မမေ့နဲ့လို့ဆိုပါတယ်။Warren Buffet ဟာ လက်ကိုင်ဖုန်းမကိုင်သလို သူ့အလုပ်စားပွဲမှာလည်း ကွန်ပျူတာမထားပါဘူး။
အထက်တန်းလွှာ လှုပ်ရှားပျော်ရွှင်ပွဲတွေမှာ သူမပါသလို သူ့အားလပ်ချိန်ကပေါက်ပေါက်(Popcorn)တချို့နဲ့ တီဗီကြည့်တာပဲဖြစ်တယ်။ မထုတ်ဖော်၊မကြွားဝါပါနဲ့။ စစ်မှန်တဲ့ ကိုယ်ပိုင်ဟန်အတိုင်းနေပြီး ကိုယ်လုပ်သမျှအရာပေါ် သာယာကြည်နူးပါ။

ဘီဂိတ်လ်က ကမ္ဘာပေါ် အချမ်းသာဆုံးလူဖြစ်တယ်။ လွန်ခဲ့တဲ့(၅)နှစ်မှာဘီဂိတ်လ်နဲ့ Warren Buffet တို့ ပထမဆုံးအကြိမ် ဆုံကြတယ်။ Warren Buffet ဟာသူနဲ့ အရာရာမတူသူလို့ ဘီဂိတ်လ်က ထင်ခဲ့တယ်။ ဒါကြောင့် အဲဒီတွေ့ဆုံပွဲကို အချိန်တစ်နာရီပဲ သတ်မှတ်ခဲ့တယ်။ နောက်ဆုံးမှာ (၁ဝ)နာရီကျော်ကြာသူတို့တွေ့ဆုံခဲ့ပြီး နောက်ဆုံးမှာ ဘီဂိတ်လ်ဟာ Buffet ကိုယုံကြည်ကိုးကွယ်သူဖြစ်လာခဲ့တယ်။

လူငယ်တွေကို Buffet ရဲ့ အကြံပေးချက်ကး

အကြွေးဝယ်ကတ် (Credit card)နဲ့ ဝေးဝေးနေပါ။ ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံပြီး အောက်ကအချက်တွေကို မှတ်ထားပါ။

(၁) ချမ်းသာကြွယ်ဝခြင်းက လူတွေကို မဖန်ဆင်းဘူး၊ လူတွေကသာ ချမ်းသာကြွယ်ဝမှုကို ဖန်ဆင်းတယ်။ ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းပါ။

(၂) လူများပြောသလို လိုက်မလုပ်နဲ့၊ များများနားထောင်ပြီး အကောင်းဆုံးလို့ ကိုယ်ထင်တဲ့အရာကို လုပ်ပါ။

(၃) နာမည်ကြီးတံဆိပ်တွေနောက် မလိုက်နဲ့။ ကိုယ်နဲ့သင့်တော်ပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ဝတ်ပါ။ ငွေကြေးတွေကိုမလိုအပ်တဲ့ပစ္စည်းအပေါ် မသုံးဖြုန်းပါနဲ့။ တကယ့်ငွေကြေးလိုအပ်တဲ့ လူတွေအပေါ်ငွေကိုသုံးပါ။

(၄) ဒါဟာ သင့်ကိုယ်ပိုင် ဘဝဖြစ်တယ်။ ဘာဖြစ်လို့ သင့်ဘဝကို တခြားလူနဲ့ အထိန်းချုပ်ခံမလဲ?

အပျော်ရွှင်ဆုံးလူဆိုတာ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားချင်မှပိုင်ဆိုင်မယ်။ ဒါပေမယ့် ဘဝလမ်းတစ်လျှောက် တွေ့ကြုံခံစားရတဲ့အရာတစ်ခုတိုင်းကို သူတို့တန်ဖိုးထားတယ်။ ဒီလို လူ့ဘဝလမ်းကို ကျွန်တော်တို့ ရွေးချယ်ကြပါစို့။